Ads

http://static1.freebitco.in/banners/728x90-3.png

Saturday 23 January 2016

BTC ဖြင့် ငွေရှာနည်း


www.facebook.com/NSGMPG
တွင်မရှင်းမလင်းထပ်သိချင်တာများမေးမြန်နိုင်ပါသည်။

BTC ဆိုတာ က ပေါ်တာတော့ကြာပြီဗျ ဒါပေမယ့်
အင်တာနက်ဆိုင်မှာလုပ်ရတာဖြစ်တဲ့အတွက် အရင်ကမတင်ကျယ်ဘူးဗျ
အခုလိုတယ်လီနော် MPTတို့ဖြင်အင်တာနက်ခေတ်ကြတော့အဆင်ပြေလာပြီဗျ
အဲ့တော့ နားလည်အောင်လေ့လာကြပါပေါ့

BTC ဆိုတာ


Bitcoin ဆိုတာဘာလဲ?


Bitcoin အကြောင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့ တစ်ယောက် (peer to peer )တိုက်ရိုက် ငွေလွှဲပို့  လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေဝယ်လို့ ရောင်းလို့ရတဲ့နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ၀က်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့် ကွန်ပြူတာက နေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။အဲဒီ လို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။ အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့ မှာလည်း အသုံးပြုနိုင်ပါတယ်။ Bitcoin အသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေကိုလည်း Canada နိုင်ငံ Vancouver မှာစတင်ပြီးတပ်ဆင်တော့မှာလည်းဖြစ်ပါတယ်။

2009 ကနေစတင်ပေါ်ပေါက်လာတာဖြစ်ပြီး Satoshi Nakamoto ဆိုသူကစတင်ဖန်တီးခဲ့တဲ့ online ငွေချေမှုစနစ်တစ်ခုဖြစ်ပါတယ်။ online ငွေပေးချေမှုဆိုသော်လည်း ဈေးနုန်းအတက် အကျကြမ်းတာကြောင့် အချို့အချို့သော merchants များက အရောင်းအ၀ယ်လုပ်ကြပါတယ်၊

စတင်ပေါ်ပေါက်လာတုန်းကတော့ Online ငွေပေးချေမှုအတွက် သာဆိုသော်လည်းနောက်ပိုင်း ဘိန်းကုန်သည် များက ငွေမည်းများကိုငွေဖြူအဖြစ်ပြောင်းရာတွင်လည်းအသုံးချကြပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ bitcoin ဖြင့် ကုန်ပစ္စည်းများ Electronic ပစ္စည်းများဝယ်ယူခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားနိုင်သော စက္ကူ ငွေသားအဖြစ်ပြန်လည်းပြောင်းလဲနိုင်ခြင်းများပြုလုပ်နိုင်ပါတယ်။
Bitcoin ကိုမည်သူမဆိုလက်ဝယ်ပိုင်ဆိုင်ခွင့်ရနိုင်ပါတယ်။ ၀ယ်ယူခြင်းဖြင့်ရနိုင်သလို bitcoin အခမဲ့ပေးသောဆိုဒ်များတွင် လိုက်လံရှာဖွေခြင်း၊ ဂိမ်းကစားခြင်း ။ မိုင်းတူးခြင်းများဖြင့်ရှာဖွေနိုင်ပါတယ်။ ဒီဆိုဒ်က နေပြီးတော့ bitcoin အမြောက်အများရှာဖွေနည်းများ ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီထက်အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီနေရာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လက်ရှိ Bitcoin ဈေးနှုန်းကို သိချင်ရင်တော့

www.preev.com

မှာ ၀င်ရောက်ကြည့်ရူနိုင်ပါတယ်

0 comments:

Post a Comment