BGB

Bitget Token (BGB)
156.00 THB (-1.88%)
4.62 USD
RANK

23
MARKET CAP

$5.55 B USD
VOLUME

$129.29 M USD

Ads

http://static1.freebitco.in/banners/728x90-3.png

Sunday, 5 November 2017

ချစ်သူကောင်မလေးဆီ အလိုအလျောက် မတ်ဆေ့ပို့ပေးမယ့် အက်ပလီကေးရှင်း



  ဒီတစ်ပတ်ရဲ့ Android App of the week ကဏ္ဍမှာတော့ ချစ်သူကောင်မလေးဆီကို ကိုယ်စားမတ်ဆေ့ပို့ပေးနိုင်တဲ့ အက်ပလီကေးရှင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီအက်ပလီကေးရှင်းရဲ့ အမည်ကတော့ Bro App ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို အသုံးပြုဖို့ ပထမဆုံး Google Play Store ကနေ Bro App ကို ရှာပြီးဒေါင်းပါ။ အက်ပလီကေးရှင်းဒေါင်းပြီးပြီဆိုတာနဲ့ အက်ပလီကေးရှင်းထဲဝင်ပါ။ စ၀င်လိုက်တာနဲ့ သင့်ချစ်သူကောင်မလေးရဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ပေးပို့လိုတဲ့ မတ်ဆေ့စာသားတွေကို ရွေးချယ်ပေးရမှာဖြစ်ပြီး အနည်းဆုံး စာသား ၅ ခု ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အက်ပလီကေးရှင်းမှာ ပုံသေပြုလုပ်ပေးထားတဲ့ စာသားတွေရှိသလို ကိုယ်ကြိုက်နှစ်သက်တဲ့ စာသားကိုလည်း ရေးသားထားနိုင်ပါတယ်။ ပြီးရင်တော့ ဘယ်နေ့ ၊ ဘယ်အချိန်မှာ ပို့မယ်ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပြီး ဘယ်ဝိုင်ဖိုင်ကွန်ရက်နဲ့ ချိတ်ဆက်မှာလဲဆိုတာလည်း ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သင့်ရဲ့ အီးမေးလ်ကို ဖြည့်စွက်ပေးရမှာဖြစ်ပြီး ဒါတွေ လုပ်ပြီးရင်တော့ သင်သတ်မှတ်ပေးထားတဲ့အချိန်မှာ အက်ပလီကေးရှင်းက သင့်ရဲ့ ချစ်သူကောင်မလေးရဲ့ ဖုန်းနံပါတ်ကို သင်ရွေးချယ်ပေးထားတဲ့ စာသားတွေကို အလိုအလျောက်ပေးပို့ပေးမှာဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းကို နည်းပညာကုမ္ပဏီဖြစ်တဲ့ BroTech LLC ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အသုံးပြုဖို့ Android 4.1 နဲ့ အထက်ရှိရမှာဖြစ်ပါတယ်။

credit wow box app

Related Posts:

4 comments:

  1. Hi Admin ခင်ဗျ။အကူအညီတောင်းချင်လို့ပါခင်ဗျ။
    ကျွန်တော် အကို့ရဲ့ Blog Template သဘောကျလို့ပါခင်ဗျ။
    ဖြစ်နိုင်ရင် အကို့ Blog Template လေး မျှပါလားခင်ဗျ။
    ကျေးဇူးတင်ပါတယ်ခင်ဗျ။

    ကျွန်တော့် Gmail ကိုဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျ။

    ReplyDelete
    Replies
    1. အဲ့တာဘာလေးလဲဗျ

      Delete
    2. ကျွန်တော်က အကို့ Blog Template ပဲလိုချင်တာဗျ။
      ရှာနေတာကြာလှပြီအကို ကျေးဇူးပြုပြီး လမ်းညွှန်ပါအုံးနော် ရှာမတွေ့လို့ပါ

      Delete