BGB

Ads

http://static1.freebitco.in/banners/728x90-3.png

Tuesday, 12 August 2014

PTC site ဆိုတာ

PTC site ဆိုတာ ၊ (PTC = Paid To Click) မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ အဓိပ္မာယ်ပေါ့ 
.
PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 လောက်ကပါ ။
.
အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒီ Website ကုမ္မဏီတွေက သူတို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာချင်ကြပါတယ်၊ 
.
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ နေ့စဉ်လူသန်းပေါင်းများစွာ အသုံးပြုနေ...တဲ့ Online ဈေးကွက်မှာကြော်ငြာခြင်းပါပဲ။
.
ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊
.
ကြော်ငြာနဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာတော့ နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံးအများဆုံးဖြစ်တဲ့ Google, Yahoo, Bing, Facebook, အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊
.
အဲ့ဒီ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့ အဲ့ဒိ Social ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ် ။
.
ဒီလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊
.
အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊ အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီးသူတို့ဝက်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊
.
ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ။
.
ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာတဲ့သူကလည်း သူ့ကြော်ငြာကို လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။

0 comments:

Post a Comment