Ads

http://static1.freebitco.in/banners/728x90-3.png

Tuesday 15 July 2014

ကိုယ်ပိုင် Blog လုပ်ချင်သုများအတွက် Blog လုပ်နည်း


 












ဒီပို့စ်လေးကိုရေးတာ ကျွှန်တော်ကိုယ်တိုင်တပ်လို့တော်လို့ရေးတာမဟုတ်ပါဘူး၊ကျွှန်တော်ဘာမှမတပ်ပါ ပညာသင်ဘ၀ပါ၊ကျွှန်တော် တပ်သိသလောက်လေးမသိသေးတဲ့ဘော်ဒါတွေကို သိစေချင်တာသက်သက်ရည်ရွယ်ပါတယ်၊
ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုလာကြပါပီ။ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူယူဆောင်နိုင်ပြီး မိမိတပ်သိ နားလည်တဲ့ စာပေတွေ ကဗျာတွေ နည်းပညာတွေ ဆော့ဝဲလ်တွေကို ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှာ မျှဝေ တင်ပြလို့ရနေတဲ့ခေတ်ပါ၊၊ ကျွှန်တော်တို့ မြန်မာလူမျိုးတွေလဲ Internet ပေါ်မှာမိန်ခလေးရော ယောက်ျားလေးတွေရောကိုယ်ပိုင်စာမျက်နှာတွေနဲ့စာပေတွေနည်းပညာတွေရေးတင်နေကြတာ
အများကြီးတွေ့နေရပါပီ၊ ဒါကြောင့် ကိုယ်ပိုင် Blog မလုပ်တပ်သေးတဲ့ ဘော်ဒါတွေလဲ လုပ်နိုင်အောင် ပုံလေးတွေနဲ့သေချာရှင်ပြထားပါတယ်၊Web Pag တခုတည်ဆောက်ဖို့ HTML အကြောင်းကိုပိုနားလည်ရင်တော့ ကောင်းကောင်းကလိလို့ကောင်းပါတယ်၊ "နားမလည်ရင်လုပ်မရဘူးလား"ရပါတယ်၊ လိုင်းပေါ်မှာ မြန်မာလိုရေးထားတဲ့ အကိုဆရာတွေရဲ့ ဆိုဒ်တွေအများကြီးပါ၊ လေ့လာလို့ရပါတယ်၊ ကုဒ်တွေနဲ့ကစားရတာလဲပျှော်စရာကောင်းပါတယ်၊ kp3 နည်းပညာ၊ နဲ့ ဒီနေရာတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်၊အရင်ကBlog လုပ်နည်းကိုမြန်မာလိုအကိုဆရာတွေရေးထားတာတွေလဲရှိပါတယ် ဒါပေမဲ့ အခုနောက်ပိုင်း Blog လုပ်နည်းက နည်းနည်းလေးပုံစံပြောင်းသွားတော့ စပီးလုပ်တဲ့သူတွေအတွက် အရင်ဟာတွေကြည့်လုပ်ရင် လည်တပ်ပါတယ်၊ စရအောင်ဗျာ..... Blog တခုလုပ်ဖို့ Gmail အကောင့်တခုရှိရင် ရပါတယ်၊ မထမဆုံး www.blogger.com သွားပီး Sing in ၀င်ပါ။ (မှတ်ချက် ပုံတွေကနည်းနည်းဝါးနေရင် ကလစ်ပီးကြည့်ပါ)

Google+ Profile နဲ့ Blogger Profile ဆိုပြီးတော့ ၂ မျိုးထဲက တစ်ခုကို ရွေးလုပ်လို့ ရပါတယ်။
ကျွန်တော်ကတော့
Blogger Profile ကိုပဲ ရွေးလုပ်ပါတယ်..။ အောက်မှာ ဝိုင်းပြထားတာကို နှိပ်ပါ
Display Name မှာ သင့်နာမည်ကို ရေးပြီးတော့ Continue to Blogger ဆိုတာကို ဆက်နှိပ်ပါ။

နောက်စာမျက်နှာကို ရောက်သွားပီဆိုရင် New Blog ကို နှိပ်ပေးပါ။

ဒီနေရာကတော့ နောက်ဆုံး အဆင့်ပါပဲ။ Title , Address , Template ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။
Title = ခေါင်းစီး စာသားပါ။
Address = ဆိုဒ်လင့် ဖြစ်ပါတယ်။ ကိုယ့်ဆိုဒ် လိပ်စာပေါ့။ နမူနာ (http://khithitmaung.blogspot.com)
Template = ဝဘ်ဆိုဒ် ဒီဇိုင်းကို ကိုယ်ကြိုက်တာ ရွေးလုပ်ပါ။
Address မှာ က အသုံးပြုလို့ရမဲနာမည်ကိုစစ်ပေးပါတယ် မရရင် Sorry this blog address is not available လို့ပြပါတယ်၊မရရင်ပြင်ရေးပါ၊နောက်ကြရင်ကြိုက်သလိုပြောင်းလို့ရပါတယ်၊ ရပီဆိုရင် တော့ အောက်ကအတိုင်းလေးပါ၊ Create blog ကိုသွားပါ၊

ဒါဆို ကျွန်တော် Blog လုပ်လိုက်တာ အောင်မြင်သွားပါပြီ။ View blog ကို နှိပ်ပြီး ကိုယ့်ဘလော့ကို ကြည့်နိုင်ပါပီဗျာ
ဒါကတော့ View ကိုကလစ်ပီး ပေါ်လာတဲ့ ကျွှန်တော်လုပ်ပီးသွားတဲ့ Blog ပါ
အပေါ်ပုံက ပို့စ်တင်ရန်ဆိုတဲ့နေရာကို ကလစ်ပီးလဲ တင်နိုင်ပါတယ် အောက်မှာ ကျွှန်တော် Post တင်ပြထားပါတယ်

စာမျက်နှာကို ပြင်တော့မယ် ကုဒ်တွေထည့်မယ်ဆိုရင်တော့ Layout>>Add a Gadget>>HTML/JavaScript ပါ။
Template>>Customise ကနေသွားပီ ဖောင့်တွေအရောင်တွေ ကြိုက်တာပြင်နိုင်ပါတယ်၊
လိုအပ်တဲ့ကုဒ်တွေ အပေါ်မှာ ဖော်ပြခဲတဲ့ ဆိုဒ်တွေမှာ ရှိပါတယ်၊ ကျွှန်တော့်ဆိုဒ်မှာလဲ ကောင်းနိုးရာရာလေးတွေ အနည်းငယ်ရှိပါတယ်၊
ကဲ ဒီလောက်ဆိုရင်တော့ ကိုယ်ပိုင် ဘလော့ လုပ်ချင်နေတဲ့ သူငယ်ချင်းများ အဆင်ပြေပြီ ထင်ပါတယ်နော်..
လိုအပ်တဲ့ နည်းပညာ နဲ့ ကျန်တာတွေကိုတော့ ကိုယ်တိုင်လိုက်ကလိကြည့်ပေါ့။ အဆင်မပြေတာလေးတွေရှိရင် အောက်ကcomment ဘောက်မှာအော်ခဲ့ပါ။ လိုတာလေးများကြီးရင်လဲ သီးခံကြပါ၊

0 comments:

Post a Comment