Ads

http://static1.freebitco.in/banners/728x90-3.png

Monday 29 July 2013

လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

         စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် " စိန္တာမဏိဂါထာကို ရသည့်အချိန်
မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံး
မှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း " စသည်ဖြင့် စိန္တာ
မဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။
       "  စိန္တာမဏိဂါထာတော် "
 ၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၁။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဗုဒ္ဓံ= ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ= ဘုရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
        စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဓမ္မံ=တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ= တရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ သံဃံ= သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ= သံဃာတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
         ဤစိန္တာမဏိဂါထာကို ရွတ်ဖတ်ပူဇော်လေ့ ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကို ကြို
တင်သိရှိနိုင်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်မည် ဖြစ်ပေသည်။ သို့သော် အထက်ဖေါ်ပြပါနှင့် ပြည့်စုံလာလိမ့်မည်ဟု မျှော်လင့်ချက် အရင်းခံလျက် မပူဇော်သင့်
ပါ။ "စန္တာမဏိဂါထာတော်ကို ရွတ်ဖတ်ပူဇော်မည်ဆိုလျှင် အမျှော်ကင်းစင်သင့်ပါသည်။"  ဟုတ်၊
မဟုတ်၊ မှန် မမှန် မိမိကိုယ်တိုင် ကြိုးစားရွက်ဖတ်ပူဇော်ခြင်းဖြင့် ကုသိုလ်ပွားများကာ နိဗ္ဗာန်ချမ်း
သာကို ရရောက်နိုင်တဲ့ သူတော်ကောင်း သူတော်မြတ်တို့ ဖြစ်ကြပါစေ ကုန်သတည်း။
  {နှစ်ဖက်လှဦးကျော်လွင်၏ ဗုဒ္ဓဘာသာလူထက်လူနှင့် မင်းနန်(မော်ကျွန်း)၏ သြ၀ါဒပေါင်း
   ချုပ်ကို ကိုးကားရေးသားပါသည်။ }
   ဦးသိန်းဝေ။
      http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မူရင်းလင့်    http://www.shwemyotaw.com

0 comments:

Post a Comment