This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
BGB
Ads
http://static1.freebitco.in/banners/728x90-3.png
Wednesday, 2 July 2014
လွှမ်းပိုင် - ဂီတစာဆို HLWAN PAING (2014) [Album] MP3
လွှမ်းပိုင် - ဂီတစာဆို HLWAN PAING (2014) [Album] MP3
Bit Rate: MP3-128 kbps 
၀၁။အသက်သွင်းပေးပါ
၀၂။Beautiful
၀၃။Carbon Dioxide
၀၄။Disco
၀၅။ဂီတစာဆို လွှမ်းပိုင်
၀၆။ကျိန်စာ
၀၇။Malakiyar
၀၈။မင်းရဲကျော်စွာဗိုလ်နေတိုး
၀၉။တစ်ခါကတက္ကသိုလ်
၁၀။သူငယ်ချင်းသို့ပေးစာ
၁၁။ရုပ်ဆိုး
၁၂။လက်တွေမြှောက် (Feat. Bobby Soxer)
၁၃။ကောင်လေးတစ်ယောက်ရဲ့ကောင်မလေး (Feat. ဘန်နီဖြိုး)
၁၄။ကိုကို (Feat. အိမ့်ချစ်၊ Bobby Soxer)
၁၅။ဗမာသည်သာ ပထမ (feat. Lil Z)
၁၆။ဘော်ဒါမကောင်း သူကောင်းမဖြစ် (feat. ရဲရင့်အောင်)
လွှမ်းပိုင် - ဂီတစာဆို HLWAN PAING (2014) [Album] [54MB]
Credit; Thet Naing Soe
Saturday, 7 June 2014
ဘယ်တော့များမှချစ်ရမလဲ
Title                     ဘယ်တော့များမှချစ်ရမလဲ
Singer                  Mc Bay Gyi, Mc Hein Gyee, Emc Phyo Paing
Download            MediaFire
                          DropBox
                          Filesnack
                          Zippyshare
  adf.ly  ဆိုက်အသုံးပြုနည်းလေးပါ ခင်ဗျာ  သူ့လင့်ကိုနှိပ်လိုက်ရင်
ဒီလိုလေးပေါ်လာပါလိမ့်
အဲ့မှာ ညာဘက်အပေါ်ကစက္ကန့် ကုန်တဲ့အထိစောင့်နော် ပြီးရင်
ညာဘက်ထောင့် က
SKIP AD
ကိုနှိပ်လိုက်ရင် ရပါပြီ
အဆင်ပြောပါစေ
Thursday, 29 May 2014
သိပ်ချစ်လို့
www.redskyhiphop.blogspot.com
Title သိပ်ချစ်လို့
Singer  MC PyaTlke, MC Htet paing
Download  Google Drive
              Zippyshare
               MediaFire
Sunday, 25 May 2014
ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း
ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။
ဘုရားရှင် လက်ထက်က နိဗ္ဗာန် ဝင်သွားတဲ့ ဇနီးမောင်နှံ နှစ်ဦး ဟာဆို ဘဝ ဆက်တိုင်း အတူ ပါရမီ ဖြည့်ကျက်ပြီး နောက်ဆုံးတော့ အတူ လောကီမှ လျွှါ်မြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတို့ ဘဝ ဆက်တိုင်း မကွဲချင်ရင် အောက်ပါ အချက်များ လုပ်ဆောင်ရန် လိုအပ်ပါတယ်။
၁။ ကုသိုလ် အတူ ပြုလုပ်ခြင်း
၂။ မတူ မပြုနိုင်တောင် တစ်ဦးက ကုသိုလ် ပြုလျှင် နောက်တစ်ဦးက အားပေး ကူညီ ထောက်ပံ့ပေးခြင်း
၃။ နှစ်ဦး စလုံးက ဝိပဿနာ တရား ကျင့်ကြံကြခြင်း
ယင်း အချက် သုံးချက်က ပြောရင်သာ လွယ်ပေမယ့် တကယ် လုပ်ဆောင်တဲ့ အခါကျ ခဲယင်းပါတယ်။ တစ်ဦးက ကောင်းမှု ပြုတဲ့အခါ တစ်ဦးက လှိုက်လှိုက်လှဲလှ ဖြစ် အာေးပး၊ ကူညီခြင်း ဖြစ်ဖို့က တစ်ခါတစ်လေကျ ခက်ခဲ တတ်ကြ ပါတယ်။ ယင်းခက်ခဲတာကို ကျော်လွန်ပြီး လက်တွဲတဲ့ ဘဝ တစ်ခုစာ အတွင်း တစ်ယောက်နဲ့ တစ်ယောက် မှားနေတာတွေ ထိန်းကျောင်း ပြင်ပေး သွားမယ်။ မှန်တဲ့ အလုပ်တွေကျ အတူတူ ထပ်ခါထပ်ခါ ပြုလုပ်ကြမယ် ဆိုရင် နောက်ဘဝတွေမှာ ပြန်တွေ့နိုင်ချေ ပိုများပြီး ပါရမီ ဖြည့်ဘက်တွေ ဖြစ်ကြ အုံးမှာ ဖြစ်ပါတယ်။ သောတပန် အတူဖြစ် ပြီးရင် နိဗ္ဗာန် ဝင်ခါနီး အချိန်အထိတောင် ပါရမီ ဖြည့်ဖို့ အခွင့် အရေး ရကြအုံးမှာ ဖြစ်ပါတယ်။
စကားချပ် အနေနဲ့ အကုသိုလ် ပြုတဲ့ သူများလည်း ဖြစ်လေရာ ဘုံဘဝမှာ အကုသိုလ် ပြုဖော် အဖြစ် ပြန်စုံ နိုင်ပါသေးတယ်။ ဒီတော့ ဘယ်လို ဘုံဘဝမှာ ပြန်စုံမယ်ဆိုတာ မိမိတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
ကိုးကား - အဘိဓမ္မာကျမ်း
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
  http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
ref  : http://beyondlove18.blogspot.com/
Facebook သိမှတ်ဖွယ်ရာများ
Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK
Facebook သူငယ်ချင်းတွေထဲမှာ တခါတလေ ပျောက်နေပါလို့ ကြည့်မိတဲ့အခါ
သူက ကိုယ့်အပေါ် Unfriend လုပ်သွားတာမသိလိုက်ဘူး ။ ဒီဆော့ဝဲလေးရှိရင်
တစ်ယောက်ယောက်က ကိုယ့်အပေါ် Unfriend လုပ်တာ အကောင့်ခဏပိတ်
ဖေ့ဘွတ်မသုံးတော့တဲ့လူတွေကို စစ်ပေးပါတယ် ။ တခါတရံ ဘုမသိဘမသိ
Unfriend လုပ်လုပ်သွားလို့ တင်းနေတာ ဒီဟာနဲ့ ရှင်းလိုက်။ ချက်ချင်းလိုက်ပြီး
မေးလို့ ရတယ်. Why ..လို့ ...     စမ်းသပ်ပီး သိချင်ရင် အောက်လင့်မှာယူသုံး။
Download- Unfriended.apk
Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
    ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
    အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို  Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။
- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။
- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။
- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။
- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။
- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
Credit to:အောင်ခမ်း (TSJ team)
 အားလုံးအဆင်ပြေပါစေ.......။
Facebook သုံးသူတွေ အတွက်သိထားသင့် တဲ့ အချက် (၈) ချက် (မသိသေးတဲ့ သူငယ်ချင်းတိုင်း ဖတ်ထားသင့်ပါတယ်။)
ကျနော်တို့ Facebook သုံးသူတိုင်း Facebook ရဲ့ အဓိကကျတဲ့ အချက်တွေကို သိပ်ပြီး မသိကြပါဘူး။ လူဟောင်းလောက်ပဲ နားလည်ကြပါတယ်။ အခု တင်ထားတာလေးကို သေခြာလေးဖတ်ကြည့် လိုက်ပါ။ သာမန် အနေအထားလောက်တော့ နားလည်တဲ့ သူတယောက်ဖြစ်လာပါမယ်။ မသိသေးတဲ့သူအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။
(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။
(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။
(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။
(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။
(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။
(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။
(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေးလိုက်ပေါ့။
(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။
 Creadit ~ www.Facebook.com
အားလုံးအဆင်ပြေပါစေ.......။
ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-
-နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-
-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-
-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-
-ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့-
-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-
-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-
-တစ်ပတ်(၇ ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။ profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်) ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့ မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက် ရာပြန်ပြင်နိုင်ပါပြီ-
-အကောင့်န်သစ် စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန် တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက် လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-
-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။
Creadit ~ ကိုဇော်သွင်(နည်းပညာ)
အားလုံးအဆင်ပြေပါစေ.......။
Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း
Facebook သုံးသူတွေအနေနဲ့  အကောင့်ကို မြန်မာလို ပြောင်းချင်သူများ
ပြောင်းသုံးဖို့ ဒီပုံလေးတင်လိုက်ပါတယ် ဖွင့်ခါစကတော့ English လိုပါ
နောက်ပိုင်း လိုအပ်သလို နာမည်တွေ အမျိုးမျိုး မြန်မာလို တခြားဘာသာ
အစုံပလုံ ပြောင်းလာကြတာတွေ့ ရပါတယ် နာမည်ပြောင်းတာက မခက်ပါဘူး
ခက်နေတာက Facebook က ဒါကြောင့် အကောင့်တိုင်း ပြောင်းမရဘူး
မရဘူးဆို မရဘူးလို့ မှတ် သူ့ မှတ် သတ်မှတ်ချက်ရှိတယ် ခဏခဏပြောင်း
Fake Name ဖြစ်မစိုးလို့  Real Name သုံးပါလို့  First Name/Last Name
အောက်မှစာပါတယ်နော် ကိုယ့်ဟာကိုဖတ်ကြည့်။ မရတဲ့အကောင့်တွေမရ
များသောအားဖြင့်ရတတ်ပါတယ် နာမည်ပြောင်းချင် ပုံကြည့်လုပ်လိုက်ပါ
လက်တွေ့ ပြောင်းပြထားပါတယ် အဆင်လည်း ပြေပါတယ်
အရင်လည်းရေးထားဖူးပါတယ် မေးလာသူရှိလို့ လုပ်ပေးရင်းပြန်ပြပေးတာ
Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်လို့ ရပါပြီ
ဒီနည်းက  သူငယ်ချင်းတစ်ယောက်က မေးလာလို့ အသုံးလိုတဲ့သူများ သုံးနိုင်စေဖို့ 
ပြန်လည်မျှဝေရေးသားလိုက်ပါတယ် ။ ဖေ့ဘွတ်ပေါ်မှာ ကိုယ့်သူငယ်ချင်းစာရင်းကို
ကျနော်တို့ မသိနိုင်တော့ဘူး ။အခု ကျနော် သူငယ်ချင်းစာရင်းကို ဖျောက်ထားတာ
ဒါဆိုရင် သူများတွေ ကျနော့ဖေ့ဘွတ်ကိုလာရင်  ကျနော့ သူငယ်ချင်းဘယ်သူတွေ
ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်တော့ဘူး ကောင်းတာ မကောင်းတာကတော့
ကိုယ့်စိတ်ပေါ်မှာ မူတည်တာပေါ့နော။  ဖျောက်စေချင်တဲ့သူများ ဖျောက်လို့ ရပါပြီ
လတ်တလောအနေနဲ့  ကျနော့သူငယ်ချင်းစာရင်းကို  ဖျောက်ပြထားလိုက်ပါတယ်
တိုက်ဆိုင်သူများ သုံးကြည့်ပါ.....ဖလမ်းဖလမ်းလေး.................................။
ဖျောက်တဲ့နည်းက ဖျောက်ချင်တဲ့  သူငယ်ချင်း  စာရင်းပြထားတဲ့ဟာကို နှိပ်
ပြီးရင် သူငယ်ချင်းစာရင်းတွေ မြင်မယ်အပေါ်နားက Edit-Edit Privacy
Only me ဆိုရင် ကိုယ်ပဲမြင်မယ် ဒါမှမဟုတ် Friend ဆိုရင် သူတို့ ပဲမြင်တာ
ကိုယ်သဘောကျနှစ်သက်လို ပြင်လိုက်ပါ အဆင်ပြေနိုင်ပါတယ်..............။
နမူနာ ကြည့်ကြည့်ပါ - http://www.facebook.com/maungssk
. 
Facebook မှ ကိုယ်ပိုင် Like Page(Fan Page) လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက် ပြုလုပ်နည်း
မေးလာကြတဲ့ သူတွေ များလာတာနဲ့ တယောက်ချင်း ပြောပြနေရင် အချိန်မရတာနဲ့ ဒီနည်းလေး ရေး တင်ပေး လိုက်တာပါ။ Facebook အသုံးပြုနေတဲ့ သူငယ်ချင်းတွေ ကိုယ်ပိုင် Like Page လေး ရှိထားတာ အရမ်းကို အကျိုးရှိပါတယ်။ Like Page ကို မလုပ်တတ်သေးတဲ့ သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီး ဒီနည်းလေးကို ရေးတင်လိုက်တာပါ။
အောက်မှာ ပုံနှင့်တကွ တဆင့်ဆီ ရှင်းပြထားပါတယ်။ ပုံကို သေခြာလေးကြည့်ပြီး လိုက်လုပ်လိုက်ပါ။ ပုံကသေးနေ ရင် မောက် နဲ့ ၂ချက်ကလစ်ပြီး ကြည့်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း Create Page ကို ကလစ်ပြီးဝင်ပါမယ်။ ပြီးရင် အောက်မှာ ပြထားတဲ့ ပုံတွေ အတိုင်း ဆက်လုပ်လိုက်ပါ။
****************************************************************************
**************************************************************************
****************************************************************************
*****************************************************************************
******************************************************************************
*****************************************************************************
****************************************************************************
ဒီလောက်ဆိုရင် သူငယ်ချင်းများအားလုံး နားလည်လိမ့်မယ်ထင်ပါတယ်။ မေးလာကြတဲ့ သူငယ်ချင်းတွေ လည်း အဆင်ပြေကြ လိမ့်မယ် လို့ မျှော်လင့်ပါတယ်။
 အားလုံးအဆင်ပြေပါစေ.......။
Computer ထဲက ဖုန်းဆော့ဝဲ apk ဖိုင်တွေကို သက်ဆိုင်ရာ ပုံလေးတွေနဲ့ ဖုန်းထဲမှာလိုမြင်ချင်ရင်လုပ်နည်း
Download- thumnail apk on pc(zippyshare)
Download - From Google Drive
http://www.mssk.info/search/label/Android%20%E1%80%BB%E1%80%95%E1%80%B3%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
Android Phone Root လုပ်ချင်သူများအတွက် ဖုန်းမျိုးစုံ Root လုပ်နည်း အမျိုးမျိုး
Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ
ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။
Chateau Man
  Founder At Collection Of Android
  Admin At Android Users Group
ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်
ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်