အောက်ပါအကြောင်းအရာများအားလုံးကို ကိုစွယ်စုံကျမ်းထံမှကူးယူဖော်ပြသည်။
Andriod ဖုန်းတွေ အတွက် မြန်မာ နှစ်တစ်ရာ ပြက္ခဒိန် လေး တင်ပေးလိုက်ပါတယ် သက္ကရာဇ် ၁၂၆၂ မှ ၁၃၇၈ ထိ ပြန်ကြည့်နိုင်တဲ့ calendar လေးပါ။ အားလုံးလည်းအသုံးဝင်မယ်လို့ထင်ပါတယ်။ မိမိ နှစ်သက်တဲ့ နောက်ခံပုံ လည်းပြောင်းရသလို ကြိုက်တဲ့ ရက်စွဲတခုခုကို နှိပ်လိုက်ပါက ဘာနေ့ လည်း ဘယ်နှစ်ရက်လေးလည်း အစရှိတာတွေကို မြန်မာလို ဖော်ပြပေးပါတယ်။ မြန်မာဖောင့် မရှိတဲ့ ဖုန်းတွေ လည်း မြန်မာလိုမြင်ရတာကြောင့် အရမ်းအသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
စိတ်ဝင်စားရင်အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ...။
App Screenshots
အားလုံးအဆင်ပြေပါစေ.......။
Flash Song ကနေ Video ပြောင်းချင်သူများအတွက်..
ကျွန်တော်တို့ Flash Song တွေကနေ Video ဖော်မက် ပြောင်းချင်တဲ့ သူငယ်ချင်းတွေ အတွက် ဒီ Converter လေးက
အရမ်းကို အဆင်ပြေပါတယ်။ ပြောင်းလို့ရတဲ့ Video ဖော်မက်ကလည်း တော်တော်လေးကို စုံပါတယ်။ ဟိုအရင်တုန်းက
ကျွန်တော် သုံးဖူးတဲ့ Converter တွေဆိုရင် Flash Song ကနေ Video ဖိုင် ပြောင်းပြီးရင် အသံတွေ မပါတော့တာတို့ ၊
သူ့ ဆော့ဝဲလ် Logo ကြီးတွေ ပါနေတာတွေရော နောက်ပြီး အရမ်းကို မှုန်ဝါးသွားတာပါပဲ။ ဒီ Converter လေးကတော့
အဲဒါတွေ အားလုံး ကောင်းပါတယ်။ မူရင်း ဆော့ဝဲလ်က ရောင်းစားတာဆိုတော့ သူတို့က ဒီလိုကြီး လုပ်ထားတယ်ဗျ..
အဲဒါကို Full Version ဖြစ်အောင်လို့ ကျွန်တော် Patch ဖိုင်တွေ ၊ Crack ဖိုင်တွေ ကို Google မှာ တော်တော်လေးကို
ရှာယူလိုက်ရပါတယ်။ နောက်ဆုံး Activator လေးနဲ့မှ အဆင်ပြေသွားတယ်ဗျာ..။ ခုတော့ သူငယ်ချင်းတွေအတွက်
သုံးရတာ အဆင်ပြေ လွယ်ကူအောင် အနော် Full ဖြစ်ပြီး Portable လေး လုပ်ပေးလိုက်ပါတယ်။ အောက်မှာ ကြည့်ပါ။
မူရင်းဆိုဒ်
ဒီနေရာမှာ သွားဒေါင်းမယ်ဆိုရင်တော့ Trial Version ပဲ ရပါလိမ့်မယ်။ ကျွန်တော်ကတော့ Full Portable ပါ။
Download:
Xilisoft Video Converter Ultimate Version: 7.7.2 build-20230619 [ Full Portable ]
File Size: 44 MB
Flash Song ကနေ Video ပြောင်းနည်းနံပါတ် ၁ ကို နှိပ်ပြီး ကိုယ်ပြောင်းမယ့် Flash Song တစ်ပုဒ်ကို ထည့်ပါ။
နံပါတ် ၂ ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ Video ဖော်မက်ကို ရွေးပေးပါ။ ဥပမာ [General Video Format >> AVI ပေါ့ ]
နံပါတ် ၃ ကို နှိပ်ပြီး Convert လုပ်ပါ၊ ခဏဆို ကိုယ်ပြောင်းလိုက်တဲ့ Video ဖိုင်လေး ရပါပြီဗျာ..
ဒီလောက်ဆို သူငယ်ချင်းများ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ သူငယ်ချင်း
သူရိန်လင်း ရေးထားတဲ့ နည်းလေးကို ဖလက်ဝါဒနာရှင် သူငယ်ချင်းများအတွက် အားလုံး
အဆင်ပြေစေရန်
ရည်ရွယ်ပြီး ကျနော်ပြန်ရှယ် ပေးထားပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
Battery HD Pro v1.3.0 Apk 6MB
Battery အခြေအနေတွေကို ပြသပေးမယ် ဆောစ့်ဝဲလ်လေးပါ
ဘယ်ဆောစ့်ဝဲလ်တွေကို ဘယ်လောက် အားကို အသုံးပြုလည်း စသည်ဖြင့်
လုပ်ဆောင်ချက်တော်တော်စုံတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပြီး
Play store မှာ 114ဘတ်ပေးရတဲ့ ဆောစ့်ဝဲလ်လေးပါ
အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ်
Android Phone မျိုးစုံ Root လုပ်နည်း Ebook (ပုံနှင့်တကွရှင်းပြထားသည်)
ကျွန်တော်ဒီစာအုပ်လေးကို မိတ်မဆက်ခင်မှာ ဒီစာအုပ်လေးကိုရေးသားထားတဲ့Chateau Man ကိုတော့ Credit ပေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီစာအုပ်လေးကို လေ့လာကြည့်မယ်ဆိုရင် Chateau Man ရဲ့စေတနာတွေနဲ့ ပညာတွေကို မြင်တွေ့ရမှာပါ။ ဒီစာအုပ်လေးထဲမှာ မြန်မာနိုင်ငံမှာ နာမည်ကြီးပြီး လူသုံး အများဆုံး Android Phone တွေဖြစ်တဲ့Samsung , Huawei , HTC , Sony , LG အစရှိတဲ့ ဖုန်းတွေရဲ့ Model မျိုးစုံရဲ့ Root လုပ်နည်းတွေကို ပုံနဲ့တွ ရှင်းပြပေးထားပါတယ်။ အဆင့်တစ်ဆင့်ချင်းဆီအလိုက် Root လုပ်နည်း တွေကို ပုံနဲ့ရှင်းပြပေးထားတာဖြစ်လို့ လူတိုင်းလိုက်လုပ်နိုင်မှာဖြစ်ပါတယ်ဗျာ။ စာအုပ်ရဲ့ File Size ကလည်း 7.49MB သာရှိတဲ့အတွက် အလွယ်တကူဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...??
သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို 2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ..ဒီနေရာလေးမှာ နည်းနည်းလောက်ကျနော်ပြောချင်တာက သေချာလုပ်ပါ.ဖြေးဖြေးချင်းလုပ်ပါ..တစ်ချို့က မရဘူးအော်ပါလိမ့်မယ်..ဒါပေမယ့် ရပါတယ်လို့ဘဲပြန်ဖြေစရာရှိပါတယ်ခင်မျ.. ကျနော်တို့ ဒီလို ကျူတိုရီရယ်တွေရေးတယ်ဆိုတာ အများရဲ့ဝေဖန်မှုကို ခံရပါတယ်..လျောက်ရေးတယ်..မဟုတ်တာတွေရေးတယ်ပေါ့ဗျာ..ကျနော်တို့လျှောက်ရေးတယ်ဘဲထားဦး
ကျနော်တို့ရဲ့ရည်ရွယ်ချက်က အသိပညာပေးဖို့ပါ..ကျနော်တို့ကိုယ်တိုင်လဲ လေ့လာနေဆဲအဆင့်တွေ
ရှိပါသေးတယ်..ဒါကြောင့်အင်တာနက်မှာမွှေနှောက်ရှာဖွေရင်း တွေ့တာလေးကိုချပြတဲ့သဘောပါ..ဒါ
ကြောင့်အဆင်မပြေခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်..ဒါကြောင့် မရဘူး..အဆင်မပြေဘူးဆိုရင်
ပြောစရာဖြစ်လာမှာစိုးလို့ ကြိုပြီးတောင်းပန်ထားရတာပါ..ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပါတယ်
ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။ပုံမှာ
Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick. ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။
Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို
တွေ့ရပါလိမ့်မယ်ခင်ဗျာ။
မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။
ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ ..
မှတ်ချက် => တစ်ချို့သော Memory Stick တွေအဆင်မပြေပါဘူး..ဒါပေမယ့် ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပေးပါတယ်ခင်မျာ.. စိတ်မသန့်ဘူးဆိုရင် Format ချပေးလိုက်ရုံပါဘဲခင်ဗျာ။
( Myanmar IT Helper )
အင်္ဂလိပ်စာ လေ့လာနေသူများအတွက် ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (မြန်မာလို) (12.2MB)
အင်္ဂလိပ်စာကို လေ့လာနေသူများ အတွက် ဆရာဦးအောင်ဟိန်းကျော်ေ ရးသားထားတဲ့ ဆရာလွတ်အင်္ဂလိပ်
စာရေးနည်း စာအုပ်တင်ပေးလိုက် ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာ နေသူများအတွက် အထောက်အကူ
ဖြစ်မှာပါ။ လေ့လာလိုသူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ထပ်ဆင့်ရှယ်ပေးခြင်းဖြင့် ကူညီ ပေးကြပါရန်။ အားလုံးကိုခင်မင်လျှက်။
Adf.ly / Adfoc.us သို့ရောက်လျှင် ခြောက်စက္ကန့်စောင့်ပြီး SKIP နှိပ်ပါ..ဒေါင်းရမယ့်နေရာကိုရောက်ပါ့မယ်ဆိုဒ် တစ်ခုနဲ့ မိတ်ဆက်
စာဖတ်သူငယ်ချင်းတို့ရေ ကျနော် ဒီနေ့ ဆိုဒ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်.....
သူက ဗီဒီယိုတွေဒေါင်းလွတ်ဆွဲတာပဲ
ဗီဒီယို ဝါးနေတာတွေကို မဝါးအောင် လုပ်ပေးတယ်...
www.en.savefrom.netဗီဒီယို ဒေါင်းလွတ်လင့်ခ်ကို အဲ့ဒီ ဘားလေးမှာ ကူးထည့်ပေးလိုက်ပါ download ဆိုတာလေး နှိပ်လိုက်ပါ
ပြီးးရင် နံဘေးမှာ ဆိုဒ်တွေပေါ်လာလိမ့်မယ် ဒါဆိုရင် MPEG 4 360
MPEG 4 720
MPEG 4 1080
အဲ့ဒီထဲက အမြင့် ဆုံးကိုရွေးပေါ့ တစ်ချို့ ကလဲ ၇၂၀ ပဲရှိတယ်
သိတဲ့သူရှိပေမယ့် သိသူနည်းပါတယ်
ဒါကြောင့် ပြန်လည် ဝေမျှလိုက်တာပါ
အဆင်ပြေကြပါစေ။
*M.H.A*
ဖုန်းရေ၀င်လျှင်ဘာလုပ်သင့်လဲအသိပညာနှင့်ကိုယ်တိုင်ပြုပြင်နိုင်မည့်အခြေခံနည်းပညာ ( မြန်မာလို - Android Application )
Mobile House
ဆရာရဲရင့်အောင် ရေးသားသည့်ဖုန်းရေ၀င်လျှင်ဘာလုပ်သင့်လဲအသိပညာနှင့်ကိုယ်တိုင်ပြုပြင်နိုင်မည့်
အခြေခံနည်းပညာ ( မြန်မာလို - Android Application ) လေးဖြစ်ပါတယ်...ဖုန်းအသုံးပြုနေသူများအတွက်
တစ်ထောင့်တစ်နေရာကနေ အကျိုးပြုမယ့် Android App မြန်မာလို စာအုပ်လေးဖြစ်တယ်ဆိုတာပြောကြား
ရင်း..လိုချင်သူများ ဒေါင်းနိုင်ပါပြီ။
အဆင်ပြေကြပါစေ....။
Myanmar IT HelperRealPlayer® (For Andriod Phone)
Andriod ဖုန်းတွေအတွက် RealPlayer® လေးတခုတင်ပေးလိုက်ပါတယ်။ All in One Player ဆိုလည်း မမှားပါဘူး။ RealPlayer® App လေးတခုထဲနဲ့ ဖုန်းမှာသိမ်းထားတဲ့ Photo, Audio, Video အစရှိသည် တို့ကို ဒီ RealPlayer App လေးတခုထဲနဲ့ ကြည့်လို့အဆင်ပြေပါတယ်။ ဒီဇိုင်းကလည်း လန်းတဲ့ အတွက် နှစ်သက်မိပါတယ်။ သူ့ရဲ့ Feature အပြည့်စုံသိချင်ရင်တော့
Playstore မှာလေ့လာကြည့်ပါ။
လိုချင်သော သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
App Screenshots
အားလုံးအဆင်ပြေပါစေ.......။
Photo movie creator (မိမိဓါတ်ပုံတွေကိုနောက်ခံသီချင်းထည့်ပြီး movie အဖြစ်ပြောင်းလဲမယ်) (For Android phone)
မင်္ဂလာပါဗျာ Android ဖုန်းတွေမှာ မိမိဓါတ်ပုံများကိုနောက်ခံ သီချင်းထည့်ပြီး movie အဖြစ်ပြောင်းလဲပြီး Facebook ပေါ်သို့ တိုက်ရိုက် ပြန်ရှယ်လို့ရပါတယ်ပြောင်းလဲတဲ့ အခါလည်း မိမိစိတ်ကြိုက် စာသားတွေနဲ့ Effect တွေ ထည့် သွင်းလို့ ရပါတယ်ဗျာ။ ဖုန်းထဲမှာ Photo Sliteshow လုပ်ချင်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေ အတွက်တင်ပေးလိုက်ပါတယ်။ File Size (16.44MB) ရှိပါတယ်...။
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ...။
App Screenshots
အားလုံးအဆင်ပြေပါစေ.......။
ငွေဖြည့်ကတ် အမြန်ထည့်ချင်သူတွေအတွက် EZCharge 2 Apk 9MB
မြန်မာမိုဘိုင်းဂရုကတွေ့လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
ငွေဖြည်ကတ်ကို ကင်မရာနဲ့ချိန်လိုက်တာနဲ့ နံပတ်တွေကို Scan လုပ်ပြီး ဂဏန်းတွေပေါ်လာမှာဖြစ်ပါတယ်
လက်ညောင်းသက်သာတာပေါ့နော် :)
ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း ( 70 % Working )
ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^
ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင်
www.gmail.com ကိုသွား.. ညာဘက်က..
Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။
အဲ့မှာ..
ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်.
ဒီကို အရင်သွားလိုက်ပါ..။အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။
Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။
Email: yourname@gmail.com
Phone Number: 206-984-8231Security Code: 1233အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။
Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က..
206-984-8231 ဆိုရင်..
- တွေကို ဖြုတ်ပြီး..
2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
voice mail ကို.. နားထောင်ဖို့..
ဒီ ကိုနှိပ်လိုက်ပါ..။10 digit Phone Number OR Master Email Address: နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ..
2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။
Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။
Facebook အကောင့်သစ်ဖွင့်နည်းFacebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon , Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။ ကိုယ်တိုင်နည်းနည်းကြိုးစားကြည့်ပါ... ဖွင့်တဲ့သူ အယောက် ငါးရာကျော်မှာ လေးရာ့ငါးဆယ်ကျော်အဆင်ပြေခဲ့ပါတယ်... :)
Keyboard Pro Crack Version ( Android Application )
Frozen Zawgyi KeyPro Crack Version
ဘယ်တော့မှ experia date မဖြစ်တော့ဘူး
လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . . :)
Computer နည်းပညာစာအုပ် အတိုအထွာများ မြန်မာလို (လိုချင်သူများ မြန်မြန်ဒေါင်းထားကြပါရန်)
မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..ယနေ့အတွက်ကျွန်တော်ချစ်သောညီအစ်ကိုမောင်နှမများအဖို့ Computer နည်းပညာနဲ့ပတ်သက်တဲ့.. အဖိုးတန်နည်းပညာ စာအုပ်အတိုအထွာ
လေးတွေရှိတဲ့ Website လေးတင်ပေးလိုက်ပါတယ်ခင်မျ.....အမှန်တော့..Website မဟုတ်ပါဘူး...
Web Designer ရဲ့
ပေါ့လျော့မှုကြောင့် အပေါက်ဖြစ်နေတာပါ...ဒါကြောင့် Web Designer မသိခင် မြန်မြန်လေးသာ ဒေါင်းထား
ကြပါလို့ပြောပါရစေ....ကွန်ပျူတာနယ်ပယ်ထဲစတင်ဝင်ရောက်လာတဲ့ သူများအတွက်ကတော့ တကယ့်ကို ထူးရှယ်လို့ဘဲပြောပါရစေ...ကဲ...မောင်(စွယ်စုံကျမ်း) ကိုအားပေးနေတဲ့ညီအစ်ကိုမောင်နှမများ တက်ညီလက်ညီနဲ့ မနိုင်ကြပါပြီ...မတာလဲမ...ပညာဒါနလေးအနေနဲ့ Share လေးလဲလုပ်သွားကြပါဦးလို့ပြောကြားရင်း..အောက်မှာ တက်ညီလက်ညီဒေါင်းနိုင်ပါပြီခင်မျ.. မ..မ အကုန်မ..အလကားရတုန်းမ... :) :D :)
Download Here Myanmar APN (Beta) for Android
ဖုန်း internet setting ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ auto ထည့်ပေးမှာပါ ။ GSM/WCDMA / CDMA 800 / CDMA 800 (1500 Ks) တို့ရဲ့ အင်တာနက် setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးပါမယ်။ ဒီ app လေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root access တော့ရှိဖို့လိုပါလိမ့်မယ်။ အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။
သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုတွေ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။
အဆင်မပြေတာရှိရင် ကျွန်တော့်ဆီကို feedback ပြန်ပေးပါ။ ဒါမှ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Myanmar Apn (Beta) for Android ကိုအောက်က link မှာရယူပါ။
http://d-h.st/HqV (or)
Ref>>>မြန်မာမိုဘိုင်း
Y300, G510, C8813, C8813D စတဲ့ ဖုန်းတွေကို code မတောင်းချင်သူများ တောင်းရတာအဆင်မပြေသူများအတွက်
နည်းလမ်းလေးပါ(vroot နဲ့ဖောက်ရင် super user တရုတ်လိုပေါ်တာကို
မကြိုက်ရင်ဒီနည်းလေးကိုသုံးပါလုံးဝအဆင်ပြေပါတယ်......super user လှလှလေးenglish version လေးကိုမြင်ရတာပေါ့)........(99% error မရှိ)
Root လုပ်ချင်သူများအရင်ဆုံး
2. ယူပြီးရင် ဖုန်းထဲမှSD CARD အား format ရိုက်ပါ......မရိုက်ချင်လျှင် ကဒ်အသစ်ဖြစ်ဖြစ်သုံးပါ......
3.ခုနကဒေါင်းထားတဲ့ဟာလေးကို ဇစ်ဖြည်ပါ........ဖြည်ပြီးရင်.......dload folder လေးကို ကဒ်ထဲထည့်ပါ....
4. ပြီးရင်ဖုန်းကိုပါဝါပိတ်ပါ.....ဘက်ထရီကို၅စက္ကန့်လောက်ဖြုတ်ပါ....
5.ပြန်တပ်ပြီး Power+Volume up+ Volume down (3)လုံးပြိုင်တူနှိပ်ပါ...
6. သူ့ဘာသာupdate လုပ်သွားပါလိမ့်မယ်.......(မှတ်ချက်။ မလုပ်လျှင် မိမိ၏ SD ကဒ်အားတခြားကဒ်ဖြင့်ပြောင်းလုပ်ပါ...... ကဒ်မကောင်းလျှင်မရပါ.........)
7.ဖုန်းပါဝါပြန်တပ်လာလျှင် setting ထဲမှ usb debugging ကို on ပါ.........
8. Security က Unknown Sources ကို အမှန်ခြစ်ပါ....
9. အားလုံးပြီးရင် root လုပ်ရန်အတွက်
ဒါလေး ကိုဒေါင်းပါ.....(ဒါလေးဆိုတာ unlock root3.1 ပါရှိရင်တော့မဒေါင်းနဲ့ပေါ့)
10.ရပြီဆိုရင် ဖုန်းကိုပါဝါဖွင့်လျှက်ကွန်ပျူတာချိတ်ပါ.......
11.ခုနကဒေါင်းထားတဲ့ဆော့ဝဲလေးကို ဖွင့်ပါ.......
12. Root ဆိုတာနှိပ်ပါ...........
13.ကွန်ပျူတာမှ Driver သိလျှင်သိကြောင်း box ကလေးတက်လာရင်နှိပ်လိုက်ပါ....(မသိလျှင်တော့ သွင်းလိုက်ပါ......driver မရှိလျှင် ဝေးဝေးမရှာပါနဲ့ ဖုန်းကိုကွန်ပျူတာချိတ်လိုက်လျှင် အထဲက folder မှာပါပါတယ်.......)
14. Battery Saver software သွင်းမလားမေးရင်လည်း yes သာနှိပ်ပါ...
15. Restart ကျသွားပြန်တက်လာရင် super su လေးတက်လာပါပြီ.....
16.ဖုန်းအမျိုးအစားပေါ်မူတည်၍ super su ကပုံစံပြောင်းတတ်တယ်........(စက်ရုပ်ပုံ၊ စူပါမင်းပုံအမျိုးမျိုးပေါ့)
17. ကဲဒီအဆင့်တွေပြီးရင်တော့ root အောင်မြင်သွားပါပြီ.......
မိုဘိုင်းလောကမှညီအစ်ကိုများအားလုံးကို credit ပေးပါတယ်................
စိုင်းဆိုင်ဝမ်း(လင်းရောင်ခြည်,B.T.S)
ရပါတယ်ကိုအောင်လင်း c8813D လည်းရပါတယ်......error မရှိပါဘူး...........
dload လုပ်ပြီးသွားရင် ခနလေးစောင့်ပါပြီးရင်ဒီတိုင်းလေးခနစောင့်ကြည့်လိုက်ပါ......မကျပါဘူးကျခဲ့တယ်ဆိုရင်လည်း ဘက်ထရီဖြုတ်ပြီး ပြန်ထည့်ကြည့်ပါ.....ဘာလို့လဲဆိုတော့ C8813, C8813D အလုံးပေါင်း(40)ကျော်နေပြီကျွန်တော်လုပ်ခဲ့တာ error မတွေ့လို့ပါ...........ခုလိုပြောပေးလို့ကျေးဇူးတင်ပါတယ်.............
Dload ကနေပြီး update လုပ်လိုက်တာ စက်က restart ပဲကျကျသွားလို့ orginal firmware ပြန်တင်လိုက်ရပါတယ်။ ကျွန်တော့်စက်ကတော့ c8813D ဖြစ်ပါတယ် ။။အဆင်မပြေပါဘူး။.